ဒီကနေ့ ဇူလိုင် ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထောင်ချထားတဲ့ အကြမ်း ဖက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းတဲ့အတိုင်း မြန်မာနိုင်ငံကို ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်အောင် လုပ်ကိုင်ကြဖို့ ပြောပြန်ပါတယ်။
-စစ်တပ် လက်အောက်ခံ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ဖွတ်ပါတီကို ဝင်ရောက်ထားရင် စစ်မှု ထမ်းအဖြစ် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာကနေ ကင်းဝေးမယ်ဆိုတဲ့ ကတိကဝတ် နဲ့ ပါတီဝင်လူငယ် ထောင်ချီ စုဆောင်းရ ရှိထားတယ်လို့ မကြာသေးမီက ကြံ့ဖွတ်ပါတီအတွင်းကို ဝင်ရောက်ခဲ့ကြတဲ့ လူငယ်တချို့က ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA က သိမ်းပိုက်ထားတဲ့ သီပေါမြို့ကို အနေ့က ညသန်းခေါင်ယံအချိန် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲချသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
