25.3 C
Yangon

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးက သေနတ် ၃ လက်နှင့်ခဲယမ်းများ ယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးက သေနတ် ၃ လက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း Golden Target Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇူလိုင်လ ၁၇ရက်နေ့ မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိအထိုင်စခန်းတစ်ခုမှ ပေါ်တာဆွဲစစ်မှုးထမ်းခေါ်ထားခံရသော ပြည်သူ့ဘက်တော်သား ပြည်သူ့စစ်တစ်ဦးမှ ချိတ်ဆက်လာသောကြောင့် Golden Target Force (GTF) နှင့် မုံရွာမြို့နယ် တိုက်နယ် ၁ ပြည်သူ့လုံခြုံ ရေး အဖွဲ့သားများက သွားရောက်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ၁ ဦးက MA-1 ၃ လက်၊ ဘောက် ၂ ဘောက် ၊ 5.56 ကျည် ၂၀ ကို ယူဆောင်နိုင်ခဲ့ပါသဖြင့် ဂုဏ်ပြုဆုငွေ ပေးနိုင်ရန် စီစဥ်နေပြီး အလင်းဝင်တပ်သား ဆန္ဒအတိုင်း နေရေးသွားလာရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက ပုသိမ်မြို့ကပါ၊ သူ့မိသားစု လုံခြုံရေးကြောင့် အမည်နဲ့ ပုံမတင်ပေးတာပါ။ အလင်းဝင်ရောက်လာတဲ့သူ စစ်မှုထမ်း တပ်သားသစ် စစ်မှုထမ်း အပတ်စဥ် ၈ကပါ”ဟု Golden Target Force မှ တာဝန်ရှိသူက ပြောဆိုသည်။

အလင်းဝင် စစ်မှုထမ်း တပ်သားသစ် ၁ ဦးကို သွားရောက်ခေါ်ဆောင်ရာတွင်ပါဝင်ပူးပေါင်းကူညီပေးပါသော Brave Heart Army (BHA)အဖွဲ့နှင့်နယ်မြေခံအဖွဲ့များဖြစ်ကြောင်း၊ အလင်း ဝင်လိုသော စကစ တပ်သားများအနေဖြင့်လည်း ဆက်သွယ် အလင်းဝင်နိုင်ကြောင်း Golden Target Force က အသိပေးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article