ဒီကနေ့ ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် PDF အဖြစ် ကနေ စစ်ကောင်စီဆီကို ခိုလှုံခဲ့ဖူးတဲ့ လူဟောင်းတွေကို စစ်တပ်က ပြန်လည်ခေါ်ယူပြီး PDF ရဲဘော်အသစ်တွေအဖြစ် ထပ်ပြီး သရုပ် ဆောင်ခိုင်းကာ အလင်းဝင်တဲ့ပုံစံနဲ့ လိမ်လည် ဝါဒဖြန့်နေတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကျဲတာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၁၀ ဦး အစုလိုက် အပြုံလိုက် သေဆုံးသွားပြီး အဲ့ဒီတိုက်ခိုက်တာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူတွေ ကို ဗုံးကျဲသတ်ဖြတ် စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ဇီးပင်ကြီးကျေးရွာမှာရှိတဲ့ နေအိမ် ရာချီကို စစ်တပ်က ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးတာကြောင့် ပြည်သူ ရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
