မန္တလေးတိုင်း၊ မိုးကုတ်မြို့ ရွှေလိပ်ပြာ ဟိုတယ်ကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ရွှေလိပ်ပြာ ဟိုတယ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။
“ဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ရွှေလိပ်ပြာ ဟိုတယ်က စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်မှု ရှိမရှိဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာတော့ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၁၄ ရက်နေ့က မိုးကုတ်မြို့ ပန်းမထိပ်အနီးကို ပေါင် ၅၀၀ ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးတို ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လည်း ဗုံးစ ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
