26.2 C
Yangon

မုံရွာမြို့နယ် ဗောဓိတစ်ထောင် စစ်တပ်စခန်းမှ မိုင်းနင်းမိ၍ သေဆုံးသွားသော ဒုဗိုလ် ရုပ်အလောင်းကို လာသယ်သည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဗောဓိတစ်ထောင် စစ်တပ်စခန်းမှ မိုင်းနင်းမိ၍ သေဆုံးသွားသော ဒုဗိုလ် ရုပ်အလောင်းကို လာသယ်သည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Area71Local People Defense Force Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ နမခ မှ ဗောဓိတစ်ထောင် တာဝါတိုင်း ကုန်းတွင် အထိုင်ချတပ်စွဲထားသော စစ်တပ် စခန်းကို ရိက္ခာများပို့ဆောင်ရန် နှင့် မိုင်းနင်းမိပြီး သေဆုံးသွားသော ဒုဗိုလ် အလောင်းကို လာရောက်ယူဆောင်ရန် ထွက်လာသော jummer ကား ၁ စီးနှင့် သံပြားကာကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကား ၃ စီးကို မြေနဲ ဗောဓိတစ်ထောင် လမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တတိယမြောက်ကားမှာ ထိုးရပ်သွားပြီး အကြမ်းဖက် စစ်တပ် ကင်းပုံးများက လမ်းဘေးဝဲယာကို ၄၀ မမ ဗုံးသီးများ လက်နက်ငယ်များဖြင့် ရမ်းသိမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Area71Local People Defense Force Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေး မိုင်းအဖွဲ့နှင့်အတူ Golden Peacock Attack Force နှင့် Area71Local People Defence Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article