ရန်ကုန်၊ ဇူလိုင် ၃၁
မင်းအောင်လှိုင်က အစိုးရအဖွဲ့အသစ်တွင် ညိုစောကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး ဝန်ကြီးဌာနပေါင်း ၂၉ ခုပါဝင်ကာ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနကို ဝန်ကြီးတစ်ဦး ပူးတွဲ ခန့်အပ်ထားသည်။
ထူးခြားချက်မှာ ပညာရေးဝန်ကြီးဌာန ပါဝင်လာခြင်းမရှိတော့ဘဲ ဝန်ကြီးတချို့ကို ဖြုတ်ပယ်ထားသည်။ ပညာရေးဝန်ကြီးအဟောင်းမှာ ဒေါက်တာညွန့်ဖေဖြစ်ပြီး ၎င်းကို အစိုးရအဖွဲ့အသစ်တွင် ထည့်သွင်းခြင်းမရှိသည့်အပြင် ပညာရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနစာရင်းမှ ဖြုတ်ပယ်ထားခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
