25.4 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-နေပြည်တော်က ဗိုလ်ချုပ်ကြီးတချို့နှင့် ဗိုလ်ချုပ်တွေကို အရပ်ဝတ်ပြောင်းဖို့ မင်းအောင်လှိုင်က ကြိုတင် အသိမပေးဘဲ ကာ/လုံအစည်းအဝေးမှသာ ချက်ချင်း အမိန့်ပေးပြီး စစ်ယူနီဖောင်းချွတ်ခိုင်းခဲ့တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

ပဲခူးတိုင်းဘက်က သတင်းကိုတင်ဆက်ပေးပါမယ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လပတ်ရွာ တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၃ ဦးကို သတ်ဖြတ်ခဲ့ပြီး KNLA နှင့် PDF ပူးပေါင်း တပ်က သတ်ဖြတ်ခဲ့တယ် ဆိုပြီး လိမ်လည် ဝါဒဖြန့်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၆ ဦး ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article