27.3 C
Yangon

မုဒုံမြို့နယ်တွင် Non CDM သားဖွားဆရာမ သီတာ၀င်းက စစ်ကောင်စီက ထုတ်ပေးထားသော ရက်လွန်အကြောဆေးများကို ထိုးပေးရာမှ ပြည်သူ ၂၉ ဦး ဆေးရုံတင်ရပြီး အသက် ၇၉ နှစ်အရွယ် ဒေါ်တင်သိန်း သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် Non CDM သားဖွားဆရာမ သီတာ၀င်းက ရက်လွန်အကြောဆေးများကို ထိုးပေးရာမှ ပြည်သူ ၂၉ ဦး ရှော့ဖြစ်ကာ ဆေးရုံတင်ရပြီး အသက် ၇၉ နှစ်အရွယ် ဒေါ်တင်သိန်း ကျောက်ကပ် ပျက်စီးပြီး သေဆုံးခဲ့ကြောင်း သေဆုံးသူအဘွားဒေါ်တင်သိန်းနှင့် ခင်မင်ရင်းနှီးသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၀ ရက်နေ့ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပေးထားသော ရက်လွန် အကြောဆေးများကို Non CDM သားဖွား ဆရာမ သီတာ၀င်းက ကျေးရွာတွင်းရှိ သက်ကြီး ရွယ်အိုများ၊ သက်လတ်ပိုင်းများကို ထိုးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အကြောဆေးထိုးပြီးနောက် ပြည်သူ ၂၉ ဦး ရှော့ခ်ဖြစ်ကာ သတိလစ်ခြင်းများဖြစ်ပွားခဲ့ကြောင်း၊ သတိလစ် ရှော့ခ်ဖြစ်သော ပြည်သူ ၂၉ ဦးကို မုဒုံဆေးရုံနှင့် မော်လမြိုင်ဆေးရုံးကြီးသို့ ပို့ဆောင် ဆေးကုသခဲ့ရကြောင်း၊ ဆေးကုသမှု ခံယူနေသူများထဲမှ အသက် ၇၉ နှစ်အရွယ် ဒေါ်တင်သိန်းသည် ဩဂုတ်လ ၁ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ကျောက်ကပ်ပျက်စီးကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဆေးကုသမှု ခံယူနေသူများထဲမှ သက်လတ်ပိုင်းများမှာ ရောဂါ သက်သာလာသောကြောင့် ဆေးရုံးမှ ဆင်းလာကြသော်လည်း အသက်ကြီးပိုင်းများမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

“Non CDM သားဖွားဆရာမ သီတာဝင်းက ရက်လွန် အကြောဆေးတွေ ထိုးပေးလို့ ပြည်သူ ၂၉ ဦး ဆေးရုံတင်လိုက်ရတယ်။ အထဲက အသက် ၇၉ နှစ်အရွယ် ဒေါ်တင်သိန်းကတော့ ဆေးဒဏ်မခံနိုင်ဘဲ ကျောက်ကပ်ပျက်စီးပြီး သေဆုံးသွားတယ်လို့ သိရတယ်။အဲဒီ သားဖွား ဆရာမ သီတာ၀င်းကိုတော့ ဘယ်သူမှ အရေးယူဆောင်ရွက်ခြင်း မရှိဘူး။ သူက အုပ်ကြီးနဲ့ ပေါင်းပြီး ဆေးကုသမှု ခံယူရတဲ့ သူတွေကို ငွေနဲ့လိုက်ပိတ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article