28 C
Yangon

သံတွဲမြို့နယ်၊ ငပလီ ဂျိတ္တောရပ်ကွက်ကို စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီ ဂျိတ္တောရပ်ကွက်ကို အကြမ်းဖက် စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် တချို့ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဩဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ငပလီ ဂျိတ္တောရပ်ကွက်ကို စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တော်တော်အဝေးကနေ လှမ်းပစ်နေတာပါ။ နေဗီကိုတောင် မှုန့်ဝါးဝါး မြင်ရတယ်။ ဂျိတ္တောကို ကျတယ်။ အသံကလည်း တော်တော်ကျယ်တယ်။ နေအိမ်တွေ ပျက်စီးသွားတယ်။ လူတော့ ထိခိုက်မှု မရှိဘူး။ နေဗီက အစမ်းပစ်ခတ်နေတာလား မပြောတက်ဘူး။ ဒေသခံတွေက အကုန်ထွက်ပြေးနေကြတယ် “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပင်လယ်ပြင်မှ စစ်သင်္ဘောများသည် ဩဂုတ် ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်မှာ ၁ ကြိမ်၊ ၃ နာရီ ၃၇ မိနစ်မှာ ၁ ကြိမ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် ဂျိတ္တော အမှတ် ၄ ရပ်ကွက်သို့ ကျရောက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့က စစ်သင်္ဘော ၃ စီးက ငပလီကမ်းခြေ အဝေးဆုံးတစ်နေရာတွင် ရှိနေရာမှ ကမ်းခြေအနီးသို့ ချဉ်းကပ်လာမှုကြောင့် ဒေသ ပြည်သူများ စိုးရိမ်မှုများ ရှိခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် သံတွဲမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် သိမ်းပိုက် ရရှိခဲ့ပြီး သံတွဲမြို့နယ်က မောင်ရွှေလေး ရေတပ်စခန်းနှင့် ငပလီလေဆိပ်များကို တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ကြောင်း၊ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည်အတွင်းက မြို့နယ်များအပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ် ၆၃ မြို့နယ်အား စစ်ကောင်စီက ဇူလိုင် ၃၁ ရက်နေ့က အရေးပေါ် အခြေအနေ ကြေညာထားသည်။

စစ်ကောင်စီ၏ ကြေညာချက်သည် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ကြီးများဖြင့် ရက် ၉၀ အတွင်း ကိုင်တွယ်လာနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောဆိုထားပြီး AA နှင့် စစ်ရေး ထိတွေ့မှုရှိနေသော ကျောက်ဖြူမြို့နယ်မှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု၊ ဒရုန်းဗုံးကျဲ တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေကြောင်း၊ အာရက္ခတပ်တ‌ပ်တော် AA က ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်မြို့နယ်နှင့် ပလက်ဝမြို့နယ်များကို သိမ်းပိုက်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article