ရန်ကုန်၊ ဩဂုတ် ၄
မကွေးတိုင်း၊ ပေါက်မြို့နယ် ဆယ်ဝရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ် ဆယ်ဝရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
လက်ရှိချိန်ထိ စစ်ကောင်စီ တပ်သားများ ကျေးရွာအတွင်းရှိနေသောကြောင့် ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ဖမ်းဆီးခံရသူများရှိ ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ နေအိမ်အများအပြားကို မီးရှို့ ဖျက်ဆီးနေဆဲဖြစ်ကြောင်း သိရသည်။
“စစ်ခွေးတွေ မီးရှို့ဖျက်ဆီးနေတာ နေအိမ် အရေအတွက် များပါတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးစစ်ကြောင်းက ကျေးရွာအနီးအနားမှာရှိနေတုန်းပဲ” ဟု ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
