30.1 C
Yangon

မိုးညှင်းတွင် စစ်တပ် လက်အောက်ခံ SNA ရှမ်းနီတပ်ဖွဲ့က သက်ကြီးရွယ်အိုများ၊ တောင်သူများ ပါမချန် ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းနေ

Must read

ရန်ကုန်၊ ဩဂုတ် ၄

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးမြို့ဟောင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက် အောက်ခံ SNA တပ်ဖွဲ့က သက်ကြီးရွယ်အိုများ၊ တောင်သူလယ်သမားများပါ မချန် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သားစုဆောင်းနေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဇူလိုင် ၃၁ ရက်နေ့က ည ၈ နာရီခန့်က မိုးညှင်းမြို့နယ်၊ ဘီးလူးမြို့၊ သရက်ကုန်းရပ်ကွက်နေ အသက် ၆၇ နှစ်အရွယ် ဦးဝင်းမြင့်၊ အသက် ၄၈ နှစ်အရွယ် ဦးအေးလွင် ၊ အသက် ၄၆ နှစ်အရွယ် ဦးထွန်းလင်း တို့ အပါအဝင် ပြည်သူ ၆ ဦးကို ဖမ်းဆီးသွားကြောင်း၊ ထိုသို့ ဖမ်းဆီးခံရမှုကြောင့် ကျေးရွာတာဝန်ရှိသူ လူကြီးများက လိုက်လံခေါ်ထုတ်သော်လည်း ပြန်ထည့်ပေးခြင်းမရှိသည့်အပြင်တွေ့ခွင့်ပင်မရရှိခဲ့ ကြောင်း သိရသည်။

“SNA ကျားဖြူစစ်ကြောင်းပေါ့၊ ဘီလူးမြို့ဘက်မှာတွေ တအားပေါ်တာဆွဲတယ်။ ဘီလူးမြို့ရဲ့ ဘုံကျောင်း၊ စာထား၊ အင်းကုန်း အဲဒီဘက်တွေ အကုန်ဆွဲတယ်။ အခုရွာထဲမှာ ကလေးတွေကို မရှိ တော့ဘူး။ သာရေး၊ နာရေးတွေတောင် ဆင်းမယ့်သူမရှိဘူး။ အားလုံးကလည်း ကြောက်ကြတယ်၊ ဟို တလောကဆိုရင် လမ်းလျှောက်တဲ့သူတွေကို ပတ်ဆွဲသွားတာ၊ ညနေဆိုရင် ကန်မှာ လမ်း လျှောက်တဲ့ သူတွေမရှိတော့ဘူး ခြောက်ကပ်သွားပြီ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့အနေဖြင့် လူငယ်များကို အတင်းအဓမ္မဖမ်းဆီး ကာ စစ်သားအဖြစ် စေခိုင်းနေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ယခုအခါ လူငယ်များမှာ နေရပ်စွန့်ခွာထွက် ပြေးနေမှုများပြားနေသောကြောင့် လူငယ်များကို စုဆောင်း၍ မရတော့သဖြင့် သက်ကြီးရွယ်အိုများ၊ တောင်သူလယ်သမားများကိုပါ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article