28 C
Yangon

လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဩဂုတ် ၄

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အုတ်ဖိုမြို့နယ် အပိုင် ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်ဘောင်တွင် လှိုင်မြို့နယ် ဘုရင့်နောင် စစ်ကြောရေးမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား စောထူးဖော နှင့် စောအယ်ကညော တို့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်း တော်လှန်ရေးရဲဘော်များက အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ တပ်သား စောထူးဖော သည် အုတ်ဖိုမြို့နယ်သားဖြစ်ပြီး မတ်လ ၁၄ ရက်နေ့တွင် သစ်ရောင်း၍ ဆိုင်ကယ်ဖြင့် ပြန်​လာစဥ် တောင်သုံးလုံးရွာသစ်၌ စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီ တပ်သား စောအယ်ကညော သည် မင်းလှမြို့နယ်မှ ဖြစ်ပြီး မတ်လ ၂၈ ရက်နေ့တွင် ကိုင်းပြင်ကြီးရွာထိပ်၌ ဝါးခုတ်နေစဥ် စစ်သားများက ပေါ်တာဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ယင်းသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် စစ်သားများက သက်ဆိုင်ရာ မြို့နယ် ထွေအုပ်ရုံးများမှ တဆင့် ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်၊ ရဲမွန်တပ်မြို့ သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ကာ စစ်မှုထမ်း အပတ်စဥ် ၁၂ အဖြစ် ၁၁ ပတ်ကြာ စစ်သင်တန်း တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ပို့ရန် လှိုင်မြို့နယ်ရှိ ဘုရင့်နောင် စစ်ကြောရေးမှာ လူစုနေစဥ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ကို ရခိုင်ကိုပို့ဖို့ ဘုရင့်နောင် စစ်ကြောရေးမှာ လူစုနေတုန်း ထွက်ပြေးလာတယ်ပြောတယ်။ အခုသူတို့ကို လုံခြုံတဲ့ နေရာမှာ ထားထားပြီး စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article