ဝက်လက်မြို့နယ်ကျောင်းများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အခြေစိုက်ဒေသ အမှတ် ၃ နယ်မြေအတွင်း ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားတရပ်ကိုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဝက်လက်မြို့နယ်) ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ CDM အစုအဖွဲ့များ ၊ လူငယ်လွတ်မြောက်ရေးအဖွဲ့ နှင့် ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ တက်ရောက်ခဲ့ကြကာ ကမ္ဘာမကြေဘူး သီချင်းဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။


