မန္တလေးတိုင်း၊ တောင်သာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးက လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသဖြင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်လိုက်ကြောင်း Myingyan Twenty one Guerilla Force – MTGF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဩဂုတ် ၆ ရက်နေ့ ၊တောင်သာမြို့နယ် တောင်သာမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး MA2 ၁ လက်၊ ခဲယမ်းများနှင့်အတူ Myingyan Twenty one Guerilla Force – MTGF တပ်ဖွဲ့ထံသို့ လာရောက်အလင်းဝင်ကြောင်း၊ အလင်းဝင်လာသော စစ်သားကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင် ဘက်ပြောင်းခိုလှုံချင်သူများကို အမြဲတမ်းကြိုဆိုပြီး လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း Myingyan Twenty one Guerilla Force – MTGF တပ်ဖွဲ့ က ထုတ်ပြန် အသိပေးထားသည်။


