ရန်ကုန်၊ ဩဂုတ် ၁၁
အကြမ်းဖက်စစ်တပ်၏ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့နှင့် လုပ်ငန်းများ ပူးပေါင်းဆာင်ရွက်လျက်ရှိသော Messrs Light Head Group Limited Myanmar နှင့် မိတ်ဖက်ကုမ္ပဏီဖြစ်သော အိန္ဒိယနိုင်ငံအခြေစိုက် Astra Microwave Products Ltd ကုမ္ပဏီမှ ကိုယ်စားလှယ် ၄ ဦးတို့က ၎င်း၏ မိတ်ဖက်ကုမ္ပဏီက ထုတ်လုပ်သော Drishti – Low Level Light Weight Radar (LLLWR) ရေဒါတပ်ဆင် ထုတ်လုပ်ခြင်းနည်းပညာကို ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေဒါတပ်ဆင် ထုတ်လုပ်ခင်း နည်းပညာရှင်းလင်းပွဲကို ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ စစ်ကောင်စီ လက်အောက်ခံ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
