30.1 C
Yangon

KNU ဌာနချုပ်ကို စစ်တပ်က ယမန်နေ့ ညပိုင်း Y-12 လေယာဉ်ဖြင့် ဗုံးကျဲမှု ရဲဘော် ၁ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုဌာနချုပ်ကို စစ်တပ်က ယမန်နေ့ ညပိုင်း Y-12 လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ၁ ဦးဒဏ်ရာရရှိကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ကရင်ပြည်နယ်၊ KNU တပ်မဟာ ၇ ဌာနချုပ် မော်ပယ်ခိုနှင့် သေ့ဘေထ နေရာများကို Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ်တချို့ မီးလောင်ပြီး KNLA ရဲဘော် ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ရဲဘော် ၁ ဦး ခါးမှာ အစမှန်ဒဏ်ရာရပါတယ်။ ကြီးကြီးမားမား ထိခိုက်မှုတော့မရှိပါဘူး။ မနေ့ညပိုင်းလေကြောင်းတိုက်ခိုက်မှုက နေ့လယ်ကတည်းက လေယာဉ်တွေဝဲနေတာ ” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိအချိန်အထိ ပြည်သူတချို့ မှာလည်း ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးနေရပြီး လေကြောင်း တိုက်ခိုက်မှု အန္တရာယ် စိုးရိမ်နေရဆဲဖြစ်၍ တိမ်းရှောင်သူတချို့မှာ နေရပ်ပြန်ခြင်းမရှိသေးပေ။

မနက်ဖြန် ဩဂုတ်လ ၁၂ ရက်နေ့မှာ ၇၅ ကြိမ်မြောက်ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်ဖြစ်ရာ အကြမ်းဖက်စစ်တပ်၏ လေကြောင်းအန္တရာယ်စိုးရိမ်နေရမှုကြောင့် အခမ်းအနားများ ကျင်းပရန် အခက်အခဲများရှိနိုင်ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article