ဒီကနေ့ ဩဂုတ် ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအ ဖွဲ့ရုံးနဲ့ ရုံးခွဲတွေမှာ တာဝန်ပြောင်းရွှေ့ခွင့်ရဖို့နဲ့ ရန်ကုန်လေဆိပ်မှာ တာဝန်ထမ်းခွင့်ရရေးအတွက် ရဲတပ်ဖွဲ့ဝင် တွေအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲတွေကို အနည်းဆုံး ငွေကျပ် သိန်း ၅၀၀ ကန်တော့ရတယ် လို့ ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- KIO ၊ KIA ခေါင်းဆောင်တွေနဲ့ နီးနီးကပ်ကပ်လက်တွဲကာ စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ တိုက်ခိုက် ချေမှုန်းသွားမယ်လို့ NUG အစိုးရက ပြောဆိုလိုက်ပါတယ်။
- ကရင်ပြည်နယ်၊ မြဝတီအာရှလမ်းပိုင်းကို အကြမ်းဖက်စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ DKBA ဗိုလ်ဘိနဲ့ ဗိုလ်ဒါးဝင်းအဖွဲ့ကို လက်နက် တပ်ဆင်ပေးပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ထိုင်းနိုင်ငံ စာမွတ်ပကန်မြို့နယ် သစ်သီးစက်ရုံတစ်ခုမှာ မြန်မာအလုပ်သမား ၁၂၀ ဦးကို လုပ်အားခနဲ့ အချိန်ပို ကြေး အပြည့်မပေးဘဲ အတင်းအကျပ်အလုပ်ဆက်ခိုင်းခံနေရမှုအတွက် နစ်နာနေတဲ့ လုပ်ခနဲ့ အချိန်ပိုကြေး ထိုင်း ဘတ် ၈ သိန်းကျော် ပြန်လည်ရရှိအောင် NUG နဲ့ MHAC ကူညီဆောင်ရွက်ပေးနိုင်ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
