ဒီကနေ့ ဩဂုတ် ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်တပ်ရဲ့ ကိုယ်စားပြု ယာယီသမ္မတ အမည်ခံ မြင့်ဆွေရဲ့ အသုဘ ချပွဲကို အာဏာရှင်ဟောင်း သန်းရွှေက မတက်ဘဲ မြေးဖြစ်တဲ့သူ နေရွှေသွေးအောင်ကိုသာ စေလွှတ်ခဲ့ပြီး အရင်သမ္မတဟောင်း သိန်းစိန်၊ ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်း နှင့် လူမြင်ကွင်းမှာ ကာလကြာရှည် ပျောက်ကွယ်နေခဲ့တဲ့ သီဟသူရ တင်အောင်မြင့်ဦး၊ ဒုသမ္မတဟောင်း ဉာဏ်ထွန်း၊ အရင် ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ တင်အေး အပါအဝင် ဗိုလ်ချုပ်ဟောင်းတွေအားလုံး လူစုံတက်စုံ တက်ရောက်ခဲ့ကြတာကိုမြင်တွေ့ရပါတယ်။
ပဲခူတိုင်း၊ တောင်ငူတစ်မြို့နယ်လုံးမှာ အခုလထဲမှာ မကြာခ ဖွင့်လှစ်မယ့် စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် လူငယ် အယောက် ၆၀၀ ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်လို့ တောင်ငူမြို့နယ် အခြေစိုက် ဒေသ သတင်းရင်းမြစ် တွေနှင့် ဖမ်းဆီးခံရတဲ့ လူငယ်တချို့ရဲ့ မိဘဆွေမျိုးတွေ ဆီကနေ သိရပါ တယ်။
ရခိုင်တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ် တာကြောင့် ပြည်သူ ၉၂၀ ကျော် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို ဓားပြဝင်တို က်ပြီး မိသားစုဝင် ၅ ဦးကို ကြိုးတုတ်ပြီး ရိုက်နှက်သွားတဲ့ ၄ယောက်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဖမ်းဆီးရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်း သတင်းတွေကို တင်ဆက်ပေးပါမယ်။
