26.3 C
Yangon

ငပုတောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ပို့ဆောင်ခြင်း မရှိသောကြောင့် စစ်တပ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဆဲဆို အစည်းအဝေးခေါ်ယူ

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း တပ်သားသစ် ပို့ဆောင်ခြင်း မရှိသောကြောင့် အကြမ်းဖက် စစ်တပ်က ဆဲဆိုပြီး အစည်းအဝေးခေါ်ယူနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လတွင် စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁၆ အတွက် ငပုတောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ပို့ဆောင်နိုင်ခြင်းမရှိသောကြောင့် မြို့ပေါ် ရပ် ကွက် ၂ ခုနှင့် ကျေးရွာ အုပ်စု ၁၆ ခုမှ အုပ်ချုပ်ရေးမှူးများကို မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့က ဆဲဆို အစည်းအဝေး တက်ရောက်ရန် ဖိအားပေး ခေါ်ယူနေကြောင်း သိရသည်။

ငပုတောမြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့က စစ်မှုထမ်း တပ်သားသစ် ပေးပို့ရန် အုပ်ချုပ်ရေးမှူးများကို အကြိမ်ကြိမ် အကြောင်းကြားထားသော်လည်း ပေးပို့နိုင်ခြင်းမရှိသောကြောင့် ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ငပုတောမြို့နယ်ရုံးသို့ အုပ်ချုပ်ရေးမှူးများအားလုံး မပျက်မကွက် တက်ရောက်ရန်နှင့် စစ်မှုထမ်းရန် လူငယ် ၁ ဦးပါ တစ်ပါတည်းခေါ်ဆောင်လာရန် ညွှန်ကြားထုတ်ပြန်လာကြောင်း သိရသည်။

ထိုသို့ စစ်မှုထမ်းရန် လူငယ် ၁ ဦး ခေါ်ဆောင်လာနိုင်ခြင်းမရှိပါက ရာအိမ်မှူးများကို ခေါ်ဆောင်လာရန် အကြမ်းဖက် စစ်တပ်က အတင်းကျပ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

“သူတို့က စစ်မှုထမ်း လူသစ် မရလို့ ဖိအားပေး လုပ်မယ့် သဘောရှိတယ်။ မြို့နယ်ထဲက ပြည်သူတွေကတော့ ကြောက်လန့်နေတယ်။ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုလုပ်လာမယ်လို့ ထင်တယ်” ဟု ဒေသတွင် သတင်းရင်းမြစ်က ပြောဆိုသည်။

ငပုတောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ပို့ဆောင်နိုင်ခြင်းမရှိသော ကျေးရွာအုပ်စုများမှာ ကန်ချောင်းအုပ်စု ၊ အုတ်ပုံရေကျော်အုပ်စု ၊ ကမ်းနီအုပ်စု ၊ ငါးရန့်ချောင်းအုပ်စု ၊ ဇီဖြူဆိပ်အုပ်စု ၊ ကြာကန်အုပ်စု ၊ ကုလားချောင်အုပ်စု ၊ ကျွန်းညီုကန့်ဘာလာအုပ်စု ၊ ရဲခေါင်ကြီးအုပ်စု ၊ ညောင်ဝိုင်းအုပ်စု ၊ ကျုံကူးအုပ်စု ၊ ကျောက်ချောင်းအုပ်စု ၊ စမ်းကြီးအုပ်စု ၊ ဖောင်တိုးအုပ်စု ၊ ကွင်းဘက်အုပ်စု ၊ ကြွေချိုင်အုပ်စု ၊ စပါးကြီးအုပ်စု နှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော ဟိုင်းကြီးအမှတ် ၁ ရပ်ကွက် ၊ ငရုတ်ကောင်းအမှတ် ၁ ရပ်ကွက် တို့ဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article