31.3 C
Yangon

မုံရွာ -မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ- မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Yae Nagar အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင် မုံရွာ -မန္တလေး လမ်းပိုင်းရှိ ချောင်းဦး-နတ်ရေကန် အကြား တွင် အထိုင်ချတပ်စွဲပြီး ခရီးသွား ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်သေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“စစ်ခွေး ၅ ကောင်ကတော့ အပြင်းအထန်ဒဏ်ရာရတယ်။ သေမသေကတော့ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ ရဲဘော်တွေကတော့ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Yae Nagar အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Yae Nagar People Defined Force ၊ မုံရွာ ခရိုင် ၊အမှတ်(၈) တပ်ရင်း တပ်ခွဲ (၃) ၊ Myaung T.G.R တလရ ညီအစ်များနှင့်အတူ ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article