29.4 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • တရုတ်အစိုးရက မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်တွေ၊ နည်းပညာတွေ ထောက်ပံ့ပေးပြီး စစ်ရာဇဝတ်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေမှုအတွက် ပိုမိုအားဖြည့်ပေးနေတာကို ချက်ချင်းရပ်တန့်ပေးဖို့ တအာင်း အရပ်ဘက်အဖွဲ့တွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ကြပါတယ်။
  • မကွေးတိုင်း၊ ပခုက္ကူ-ပေါက်လမ်းပိုင်းကို ၂ လကျော်ကြာရောက်ရှိနေတဲ့ အကြမ်းဖက်စစ်တပ် ရိက္ခာပို့စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား ၃ စီးထက်မနည်း ပျက်စီးကာ ထိခိုက်သေဆုံးသူ များပြားတယ်လို့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ မုံရွာ-ကျောက္ကာလမ်းပိုင်းမှာ စစ်တပ်စစ်ကြောင်းကို ၄ ရက်ဆက်တိုက်ခိုက်ရာ စစ်သား ၄၀ ဦး သေဆုံးပြီး ဗိုလ်မှူး ၁ ဦးနဲ့ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက် ခဲ့လို့ ပြည်သူ ၅ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article