25.6 C
Yangon

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးလုပ်နေစဉ် ဗုံးပစ်တိုက်ခိုက်မှု ဖြစ်ပွား

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေစဉ် ဗုံးပစ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုများရှိနိုင်ကြောင်း Yangon UG People Army (YUPA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန် ဒဂုံမြို့နယ်အရှေ့ပိုင်းမြို့နယ်၊ မင်းရဲကျော်စွာ လမ်းနှင့် အင်းဝလမ်းအနီးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အထွေ ထွေရွေးကောက်ပွဲအ တွက် အစည်းအဝေး ပြုလုပ်နေကြောင်း သတင်းအရ Yangon UG People Army (YUPA) တပ်ဖွဲ့ က မြို့ပြပြောက်ကျားရဲဘော်များက လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ကြီးများ၊ စစ်သား၊ ရဲများ ထိ ခိုက် သေဆုံးမှုရှိနိုင်ပြီး တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲများက ထွေအုပ်ရုံးအပါအဝင် အနီးအနား တဝိုက်ကို ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း မြို့ပြပြောက်ကျားရဲဘော်များက အထိ အခိုက်မရှိ ဘေးအန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲဒီ ထွေအုပ်ရုံးက စကစ ရဲ့ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကူညီပေးနေကြတယ်ဆို တာ သတင်းရထားပြီး အရှေ့ဒဂုံ အုပ်ကြီး အတော်များများ အဲ့ဒီရုံးထဲမှာ အစည်းဝေးလုပ်နေကြတယ် လို့သိထားရတဲ့ အတွက် ကျနော်တို့ ရဲဘော်တွေ လှုပ်ရှားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ထိခိုက်မှုရှိ နိုင်ပေမယ့် နောက်ဆက်တွဲ အသေးစိတ်ကို စုံစမ်းနေဆဲပါ။ လက်ပစ်ဗုံးနှစ်လုံး ပူးတွဲပီး ဖောက်ခွဲခဲ့ တာ ဖြစ်တဲ့အတွက် အသံအတော်ကျယ်သလို ထိရောက်မှုအနေနဲ့လည်း ပြင်းထန်နိုင်ပါတယ်”ဟု Yangon UG People Army (YUPA) တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

Yangon UG People Army (YUPA) တပ်ဖွဲ့ အနေဖြင့် မြိုပြမစ်ရှင်များကို မဟာမိတ်အဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းကာ အရှိန်မြှင့်လုပ် ဆောင်မည်ဖြစ်ပါသောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ ၊ ရပ်ကွက်ရုံး၊ အုပ်ကြီးများနှင့်ဝေးရာမှာနေထိုင်ပေးကြပါရန် ၊ ပေါက်ကွဲသံကြားပါက ထွက်ခြင်းများ မပြုလုပ်ကြရန်၊ မြို့ပြပြောက်ကျားရဲဘော်များကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်သော ထွေ/အုပ် အစည်းအဝေးတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article