24.8 C
Yangon

ကနီမြို့နယ်တွင် စစ်တပ်က အင်အား၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းစထိုးနေသဖြင့် ပြည်သူထောင်ချီ တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အား၂၀၀ ဝန်း ကျင်ဖြင့် မြေပြင်စစ်ကြောင်းစထိုးနေသဖြင့် ပြည်သူထောင်ချီ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ခင်းပိုင်းမှ စတင်ကာ စစ်တပ်က စစ် ကြောင်း ထိုးလာခြင်း ဖြစ်ပြီး ကနီမြို့နယ် တောင်ခြမ်းရှိ ကျေးရွာ ၁၀ ခုမှ ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“အခု စစ်ဘေးစရှောင်နေတဲ့ ရွာတွေက လယ်ရှည်တွင်း၊ချောင်းမ၊ သင့်ဝင်၊ မင်းမ ပြည်သူတွေ စရှောင်နေကြရပြီ။ တိုက်ပွဲကတော့ မဖြစ်သေးဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။

စစ်တပ်စစ်ကြောင်းက ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမှ စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စစ်ကြောင်း ၂ ကြောင်းခွဲကာ ကနီမြို့နယ်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ကြောင်းက လယ်ရှည်အနီးမှာ ၁ ကြောင်း၊မဲဇော တောတိုက်အနီးမှာ ၁ ကြောင်း စုစုပေါင်း၂ ကြောင်းခွဲထိုးလာတာဗျ။ ထောက်ကင်းနဲ့ တက်လာတဲ့သဘောလို့ ပြောလို့ ရတယ်။ တိုက်ပွဲကတော့ မဖြစ်သေးဘူး”ဟု ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ကနီမြို့နယ်အတွင်း ယခု စစ်ကြောင်းထိုးမှုသည် အကြမ်းဖက်စစ်တပ်က စစ်အုပ်ချုပ်‌ရေး ကြေညာအပြီး ပထမဆုံးစတင် စစ်ကြောင်းစတင်ထိုးလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article