ဒီကနေ့ ဩဂုတ် ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထား မှုကြောင့် နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲခံထားရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က အာရက္ခတပ်တော် AA ကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုပြီး အကြမ်းဖက် ဇော်မင်းထွန်း ကပြောဆိုလာပြန်ပါတယ်
အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ မြို့နယ်တွေ အပါအဝင် တစ်နိုင်ငံလုံး နေရာလပ်မချန် ရွေးကောက်ပွဲကျင်းပမယ်ဆိုပြီး ကြေညာလာပြန်ပါတယ်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်ကနေ စစ်ကြောင်းထိုးလာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂ ရက်ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်ခြေမှုန်း နေရာမှာ စစ်ကောင်စီတပ်သား အယောက် ၂၀ ဝန်းကျင်သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
