24.8 C
Yangon

တနင်္သာရီမြို့မှ မြိတ်မြို့သို့ လာသည့် ဒဏ်ရာရ စစ်သားများ တင်ဆောင်လာသော ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု ကား ၁ စီးပျက်စီးပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့မှ မြိတ်သို့ တက်လာသည့် ဒဏ်ရာရ စစ်သားများ တင်ဆောင်လာသော ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်ရာ ကား ၁ စီးပျက်စီးပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် တနင်္သာရီမြို့မှ မြိတ်မြို့သို့ သိန်ခွန်း၊ တမုတ်ချုံးရွာ တိုက်ပွဲများအတွင်း ဒဏ်ရာရရှိခဲ့သော စစ်သားများ တင်ဆောင်လာသည့် ကား ၂ စီးကို ကမ်းတိုရွာအရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားများ ထိခိုက်မှုရှိပြီး ကား ၁ စီးမှာလည်း အနောက်ပိုင်း ပျက်စီးကာ ဆက်လက်မောင်းနှင်း၍ မရတော့သောကြောင့် အမှတ် ၅၅၆ တပ်ရင်းထဲသို့ ကြိုးဖြင့်ဆွဲကာ ယူဆောင်သွားကြောင်း သိရှိရသည်။

“မိုင်းဆွဲပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခဲ့တာ စစ်ခွေး ကား ၁ စီးကတော့ အနောက်ပိုင်း ပျက်စီးသွားတယ်။ ဆက်လက် မောင်း၍မရတော့လို့ တခြားကားတစ်စီးနဲ့ ဇဝဲမှာ အခြေစိုက်တဲ့ အမှတ် ၅၅၆ တပ်ရင်းထဲကို ဆွဲပြီး ယူဆောင်သွားတယ်” ဟု တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖ အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article