26.9 C
Yangon

ကျောက်ဖြူတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ ကရင်နီပြည်၊ မော်ချီးဒေသကို ယနေ့နံနက်ပိုင်း စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာ ဩဂုတ်လ ၁၆ ရက် နေ့လယ် ၂ နာရီခန့်က စစ်ကောင်စီ၏ ဒရုန်းဗုံးများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

လိပ်ခမော်ကျေးရွာနှင့် ဂေါ်တူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့၍ လိပ်ခမော်ကျေးရွာက အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးသွားပြီး နောက်ထပ် အမျိုးသား ၅ ဦးမှာ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၄၈ နှစ်အရွယ် ဦးဇော်မြင့်အေးနှင့် အသက် ၅၁ နှစ်အရွယ် ဒေါ်မကျန်သိန်းဖြစ်ပြီး ကိုစိုးဝင်းနိုင်၊ ကိုခင်မောင်မြင့်၊ ဦးမောင်နိုင်ဝင်း၊ ဦးဂျွန်ဆင်နှင့် ဦးမောင်အေးဖြူတို့မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဦးဇော်မြင့်အေးမှာ မျက်နှာဗုံးစထိမှန်ပြီး သေဆုံးခဲ့ရသလို ဒေါ်မကျန်သိန်းမှာ လည်ပင်း ဗုံးစထိမှန်၍ သေဆုံးသွားခြင်းဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူများမှာလည်း ခန္ဓာကိုယ်အနှံ့တွင် ရရှိသွားခြစ်ဖြစ်သည်။ လိပ်ခမော်ကျေးရွာကို ကျောက်ဖြူပင်လယ်ပြင်ရှိ စစ်ကောင်စီ စစ်သင်္ဘောများမှ ဩဂုတ်လ ၁၄ ရက်နေ့တွင်လည်း လက်နက်ကြီးများ လှမ်းပစ်ခတ်မှုများကြောင့် အသက် ၄၀ အရွယ် ကိုခင်မောင်ချစ်မှာ သေဆုံးသွားခဲ့ရကြောင်း၊ ဒေသခံများပိုင်ဆိုင်သော နွား ၁၄ ကောင်လည်း ကျည်စထိမှန်၍ သေဆုံးသွားခဲ့ရသည်။

ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော လိပ်ခမော်တပ်စခန်း၊ မင်းတပ်တောင်စခန်းနှင့် နှမ်းဖဲတောင် စစ်စခန်းတို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်လေယာဉ်ဖြင့် ဗုံး ၇ လုံး စစ်တပ်က ထပ်မံ ကျဲချသွားကြောင်း၊ လတ်တလော ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဩဂုတ်လ ၁၇ ရက်နေ့ ပြည်သူ ၃၂ ဦး သေဆုံးခဲ့သော မော်ချီးဒေသ လေကြောင်းတိုက်ခိုက်မှုအပြီး ယနေ့နံနက်ပိုင်းတွင်လည်း စစ်တပ်က ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“လိုခါးလိုဆေးရုံနဲ့ ခရစ်ယာန် ဘုရားကျောင်းကိုကျဲ တာ။ အခုမနက်ပိုင်း။ လူအထိအခိုက်ရှိမယ်။ဗုံး ၇ လုံးလောက်ကျဲသွားတယ်။ ကင်းထောက်လေယာဉ် နဲ့ ပါ ဗုံးကျဲတာ” ဟု မော်ချီးဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ – ၂၀၂၅ ဩဂုတ်လ ၁၆ ရက်နေ့က စစ်ကောင်စီ ဒရုန်းဗုံးများကြောင့် လိပ်ခမော်ကျေးရွာက ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးသွားသော နေအိမ်များ။ (ဓါတ်ပုံ – APM)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article