28.5 C
Yangon

ထားဝယ်တွင် အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးရရှိ၊ လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိသည့်အပြင် စစ်ကား ၁၀ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အင်အား ၁၅၀ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေ ဆုံးပြီး စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးရရှိကာ လက်နက် ၆ လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်များ သိမ်းပိုက်ရရှိကြောင်း DNLA-ဓဝယ်တပ်တော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာနှင့် ၀ကုန်းကျေးရွာကြား ဘဲ့မဲ့ တပ်တောင်အနီး ထားဝယ်မြို့ဘက်မှ အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို DNLA နှင့် ဒူရကစစ်ကြောင်း အပါအဝင် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း စစ်သား ၄ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိကြောင်း၊ MA 1 လက်၊ ကျည်ဘောက် ၂ ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဩဂုတ်လ ၁၉ ရက်နေ့ ၊ နံနက် ၁၀ နာရီ ဝန်းကျင်အချိန် အဆိုပါ စစ်ယာဉ်တန်းကို သင်္ကန်းတုန်းရွာတွင်ထပ်မံ တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၇ နာရီကြာ ဖြစ်ပွားခဲ့ကြောင်း၊ ဒုတိယအကြိမ် တိုက်ပွဲအတွင်း စစ်သား ၇ ဦးသေဆုံးကာ စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ စစ်ကား ၁၀ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကား ၃ စီးအတွင်းမှ MA-1 ၄ လက်၊ G-3 ၁ လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

“စစ်သုံ့ပန်း ၃ ဦးကို လုပ်ထုံးလုပ်နည်းအတိုင်း လိုအပ်တဲ့ ဆေးဝါးကုသမှုပေးပြီး ထိန်းသိမ်းထားပါတယ်” ဟု ဓဝယ်တပ်တော်မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါတိုက်ခိုက်မှုများကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရစစ်ကြောင်း၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ (TPLF) ၊ က္လားသစ္ဆတ် (ကျားသစ်နက်)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ သံမဏိပေါက်ကြား (နဘယံ)၊ ဒေါနတပ်ခွဲ ၇ ၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း (T5)၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) နှင့် အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (EDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article