26.9 C
Yangon

ကန့်ဘလူမြို့နယ်တွင် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူနှင့် ကူညီမည့်သူများ၏ လုံခြုံရေးအာမ မခံဟု ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က သတိပေး

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ အတု အယောင် ရွေးကောက်ပွဲ ပြုလုပ်ရန် လုံးဝ လက်မခံဘဲ ရွေးကောက်ပွဲ ဝင်မည့်သူများနှင့် ကူညီမည့် သူများ၏ လုံခြုံရေးကို လုံးဝ အာမခံချက် မပေးနိုင်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။

ကန့်ဘလူမြို့နယ်အတွင်း မြို့ ၂ မြို့နှင့် ကျေးရွာပေါင်း ၂၆၉ ရွာ တည်ရှိသော် လည်း အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားဆဲ ဖြစ်သည်မှာ မြို့ ၂ မြို့နှင့် ၃၄ ရွာသာ ရှိပြီး တော်လှန်ရေးအင်အားစုများသည် ကျေးရွာပေါင်း ၂၃၅ ရွာကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ကန့်ဘလူမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် တရားမဝင်လုပ်ဆောင်ရန် စီစဉ်လျက် ရှိသည့် မြို့နယ်များတွင် ပါဝင်နေသော်လည်း ရွေးကောက်ပွဲ ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်သည်ကို သိစေအပ်ကြောင်း ကန့်ဘလူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးသည်။

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်း၊ စစ်အုပ်စု၏ ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံမည့် သူများနှင့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ကူညီဆောင်ရွက်သူများကို လုံခြုံရေးအာမခံချက် ပေးမည်မဟုတ်ကြောင်း ဆက်လက် သတိပေးထားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေများတွင် မလွှဲမရှောင်သာ နေထိုင်နေကြရသည့် ပြည််သူများအနေနှင့်လည်း အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန် နည်းလမ်းများရှိပြီး မလွှဲမရှောင်သာ အခြေအနေတွင် အတင်း အဓမ္မမဲပေးရသည်အခါများတွင် မထောက်ခံသည့် မဲပေးခြင်းကို လုပ်ဆောင်နိုင်ကြောင်း ကန့်ဘလူပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article