25.4 C
Yangon

မုံရွာ-မန္တလေး ကားလမ်းတွင် စစ်ကြောင်းထိုးရန် မိုင်းရှင်းနေသည့် စစ်တပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းတွင် စစ်ကြောင်းထိုးရန် မိုင်းရှာနေသည့် စစ်တပ်ကို ဖောက်ခွဲ တိုက်ခိုက်ရာ ပျူစောထီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း Monywa Dynamite – Special Task Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၄ ရက်နေ့တွင် မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ စစ်သားနှင့် ပျူစောထီးများသည် မုံရွာ-မန္တလေး ကားလမ်းပိုင်းတွင် မိုင်းရှာနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း ပျူစောထီး ၄ ဦး ထိခိုက်ဒဏ်ရာရကာ ၁ ဦးမှာ ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ခရီးသွားပြည်သူများကိုပါ ပေါ်တာဆွဲ ဖမ်းဆီးပြီး ထပ်မံ မိုင်းရှာခိုင်းသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်မှုများ ထပ်မံ မလုပ်ဆောင်တော့ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“ကျနော်တို့ တပ်ဖွဲ့တွေအနေနဲ့က ပဒေသာမိုင်းပွိုင့် ၂ ပွိုင့် ဖောက်ခွဲဖို့ တင်ထားတာပေါ့။ ပြည်သူတွေကိုငဲ့ပြီးတော့ ကျန်တဲ့ မိုင်းပွိုင့်ကို မဖောက်ခွဲနိုင်ခဲ့ဘူး။ စစ်ခွေးတွေ ဖြုတ်သိမ်းသွားတယ်။ ပြည်သူတွေအနေနဲ့ စစ်ရေး အသိ စစ်ရေးသတိ တော့ရှိကြပါလို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်” ဟု Monywa Dynamite – Special Task Force မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို MONYWA DYNAMITE -STF နှင့် CHINDWIN FIGHTER GROUP.CFG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article