ရန်ကုန်၊ ဩဂုတ် ၂၇
ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မင်းဘူးခရိုင် စစ်ဌာန၊ မင်းဘူး ခရိုင် အမှတ် ၂ တပ်ရင်းက အကြမ်း ဖက်စစ်တပ်က ကျင်းပပြုလုပ်ရန် ရည်ရွယ် နေသော တရားမဝင် အတုအယောင် ရွေး ကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင် ကြောင်း ၊ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့ အစိုးရ ခေါင်းဆောင် များကိုမတရား ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့သည့် စစ်တပ်က ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အခွင့် အာဏာမရှိသော နိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူ (The Enemy of the State) ဖြစ်ကြောင်း၊ စစ်တပ်က ပြည်သူ၏ သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် ကျူးလွန်ခဲ့၊ ကျူးလွန် လျက်ရှိသော စစ်ရာဇဝတ်မှုများမှ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိရေးတို့အတွက် တရားမဝင် ရွေး ကောက်ပွဲတစ်ခုကို ဇွတ်အတင်း ဖန်တီး ပြုလုပ်ခြင်းသည် ဒီမိုကရေစီ ကျင့်စဥ်ကိုချိုး ဖောက် ခြင်းအပြင် ပြည်သူ့အချုပ်အခြာ အာဏာကို မတရား ရယူရန် ကြိုးစားခြင်း ပင် ဖြစ်ကြောင်း ကြေညာ သည်။
ထို့ကြောင့်ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်းအကြမ်း ဖက် စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပခွင့်မပြုဘဲ မိမိတို့ နှင့်အတူ ပူးပေါင်းပါဝင်ဆန့်ကျင်ကြပါရန် တိုက်တွန်းကြောင်း၊ အတုအယောင် ရွေးကောက် ပွဲကို ပါဝင်ပတ်သက်ဆက်နွှယ်နေသောအစုအဖွဲ့များနှင့် ပါဝင်နေသူများကို စုံစမ်း ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူ အပြစ်ပေးသွားမည် ဖြစ် ကြောင်း၊ ပြည်သူ လူထုအနေဖြင့် အကြမ်းဖက်စစ်တပ် တပ်ရင်း၊တပ်ဖွဲ့ ဌာနများ၊လက်အောက်ခံရဲဌာနများ၊ ၎င်းတို့နှင့်ဆက်စပ်လျက်ရှိသောပတ်ဝန်းကျင်နေရာများကို ရှောင်ကွင်းသွားလာကြရန်နှင့် ၎င်းတို့နှင့် နီးနီးကပ်ကပ်နေထိုင်ခြင်း မပြုကြပါရန် သတိပေးသည်။
“စစ်ကော်မရှင်ရဲ့ ခွေးတွေက ရပ်ရွာတွေနဲ့ ပြည်သူလူထုတွေဆီကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွေး ကောက်ပွဲမဲပေးဖို့ အတင်းအဓမ္မစည်းရုံးနေတာ မြင်တွေ့နေရလို့၊တပ်ရင်းအနေနဲ့ ဆန့်ကျင်တယ်လို့ ကြေညာတာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရုံးတာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ နာဂဒေသတွင်လည်း စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကိုလုံး၀ လက်ခံ မည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နာဂဒေသ (ပ.က.ဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ယနေ့ ကြေညာ ချက်ထုတ်ပြန်သည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မည်သည့်ပါတီမဆို လူပုဂ္ဂိုလ်မဆို နာဂဒေသအတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် မတည်ငြိမ်မှုများပိုမိုပေါ်ပေါက် လာစေမည် ဖြစ်ကြောင်း ၊ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပေါ်လာနိုင်သော အသက်အန္တရာယ်များ၊ အိုးအိမ်ပစ္စည်းဆုံးရှုးမှုများကိုရွေးကောက်ပွဲတွင်တိုက်ရိုက်ပါဝင် ယှဉ်ပြိုင်သူများသိုမဟုတ်အဆိုပါ လှုပ်ရှားမှုများနှင့် ပူးပေါင်းဆောင်ရွက်သူများကသာ တာဝန်ခံရမည်ဖြစ်ကြောင်း ၊ နောက်ဆက်တွဲပြဿနာ များကိုလည်း လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း ကြေညာထားသည်။
ထို့ပြင် နာဂဒေသအတွင်း စစ်တပ်၏ ရွေးကောက်ပွဲတွင် ပါဝင်အရွေးချယ်ခံမည့်သူများနှင့် ကူညီဆောင် ရွက်သူများ၏ လုံခြုံရေးကို လုံးဝအာမခံချက်ပေးမည် မဟုတ်ကြောင်း တရားဝင် ထုတ်ပြန် သတိပေးထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
