28 C
Yangon

မြောက်ဒဂုံတွင် ဆီးချိုသွေးချို ဝေဒနာရှင် ချင်းလူငယ် မောင်မောရ်ဒီးစ်လားဗဲင်ကြွာန်း လမ်းထွက်လျှောက်စဉ် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်တောက်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဗထူးအိမ်ရာအနီးတွင် ဆေးရုံမှ ဆင်းလာခါစ နာမကျန်းဖြစ်နေသော ဆီးချိုသွေးချိုဝေဒနာရှင် ချင်းလူငယ် မောင်မောရ်ဒီးစ်လားဗဲင်ကြွာန်း လမ်းလျှောက်ထွက်စဉ် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၈ ရပ်ကွက်တွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် ချင်းလူမျိုး လူငယ် မောင်မောရ်ဒီးစ်လားဗဲင်ကြွာန်း ခြေထောက် လေ့ကျင့်ခန်းအတွက် လမ်းထွက်လျှောက်စဉ် ဗထူးအိမ်ရာအနီး အရပ်ဝတ်လူတစ်စု၏ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း၊ ယနေ့ ၅ ရက်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း၊ မိသားစုဝင်များက ပျောက်ဆုံးနေသော မောင်မောရ်ဒီးစ်လားဗဲင်ကြွာန်း ၏ ကျန်းမာရေးကို အလွန်စိုးရိမ်နေကြောင်း သိရှိရသည်။

ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရသော အသက် ၂၂ နှစ်အရွယ် မောင်မောရ်ဒီးစ်လားဗဲင်ကြွာန်း သည် ခွဲစိတ်ကုသမှု ခံယူထားပြီး ဆေးရုံဆင်းခါစ လေ့ကျင့်ခန်းအဖြစ် လမ်းထွက်လျှောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“တင်ပါးစုံနားက အကြိတ်ခွဲထုတ်ရပြီး ဆေးရုံတက်ခဲ့ရတာပါ။ ဆေးရုံဆင်းပြီးနောက်လည်း လေ့ ကျင့်ခန်းလုပ်ဖို့ လမ်းတွေလျှောက်ပေးရတဲ့အနေအထားဖြစ်တဲ့အတွက် လမ်းလျှောက်တဲ့အချိန် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတာပါ” ဟု မိသားစုဝင်တစ်ဦးက ရှင်းပြသည်။

လက်ရှိ မောင်မောရ်ဒီးစ်လားဗဲင်ကြွာန်းမှာ ဆီးချိုသွေးချိုဝေဒနာအတွက် ဆေးပုံမှန် သောက်သုံးနေရကြောင်း၊ ပုံမှန်ဆေးများ မသောက်သုံးပါက အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဖမ်းဆီးခံရသူ၏ အစ်ကိုဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“သူက လမ်းလျှောက်ရင်တော့ သိပ်မသန်ဘူး၊ ပြီးတော့ ဆီးချိုသွေးချိုရောဂါဝေဒနာရှင်လည်းဖြစ်တယ်၊ နောက်ဆုံးအဆင့် ဆေးပုံမှန်တိုက်ပေးရတယ်၊ သူကရောဂါဝေဒနာရှင်လည်း ဖြစ်တော့ ပုံမှန်ဆေးမသောက်ရရင် အသက်ဆုံးရှုံးနိုင်တဲ့အဆင့်ဆိုတော့ အရမ်းစိတ်ပူနေတယ်” ဟု အစ်ကိုဖြစ်သူက ရှင်းပြသည်။

ရန်ကုန်မြို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် မြို့နယ်အများအပြားတွင် နေ့ရော ညပါ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားလျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article