36 C
Yangon

ထိုင်းနိုင်ငံတွင် အလုပ်ရပ်နားခံရသော မြန်မာလုပ်သား ၁၇ ဦး၏ နစ်နာကြေး ဘတ်ငွေ ၁၃၀၀၀၀ ကို NUG အလုပ်သမားဝန်ကြီးဌာနနှင့် MHAC အဖွဲ့၏ ကူညီ ဆောင်ရွက်ပေးမှုဖြင့် ပြန်လည် ရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်တွင် အလုပ်ရပ်နားခံရသော မြန်မာလုပ်သား ၁၇ ဦး၏ နစ်နာကြေး ဘတ်ငွေ ၁၃၀၀၀၀ ကို NUG အလုပ်သမားဝန်ကြီးဌာနနှင့် MHAC အဖွဲ့၏ ကူညီ ဆောင်ရွက်ပေးမှုဖြင့် ပြန်လည် ရရှိခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့မှ အေ‌အေစီကိုရဲမင်းက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဩဂုတ်လအတွင်း မြန်မာ လုပ်သား ၁၇ ဦးသည် MHAC မဟာမိတ်အဖွဲ့ ထံ အကူအညီတောင်းခံလာ၍ NUG အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ သက်ဆိုင်ရာ နယ်မြေခံ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးများ၌ အမှုဖွင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အမှုဖွင့် ဆောင်ရွက်ပြီးနောက် သြဂုတ်လ ၂၆ ရက်နေ့တွင် သိမ်းဆည်းခံထားရသော သူဌေးပြောင်းရန် ပေးဆောင်ထားသည့် ငွေအပြင် နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၁၃၀၀၀၀ ဘတ်နှင့် အထောက်အထားများ ပြန်လည်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အလုပ်သမားများသည် စာရေးမဖြစ်သူ ထိုင်းအမျိုးသမီးက သူဋ္ဌေး ပြောင်းပေးမည်ဟုဆိုကာ တစ်ဦးလျှင် ဘတ်ငွေ ၃၀၀၀ နှင့်စာရွက်စာတန်းများကို အလုပ်ဝင်စဉ်ကပင် သိမ်းဆည်းထားခဲ့ကြောင်း၊ ထိုသို့ ငွေပေးချေ ထားသော်လည်း ဇူလိုင်လ ၁၅ ရက်နေ့တွင် အလုပ်ရုံဘက်မှ သူဌေး မပြောင်းထားခြင်းကြောင့် work permit များ သက်တမ်းကုန်သွားသည်ဟုဆိုကာ ၄ လပြည့်ခါနီး၌ အလုပ်မှ ထုတ်ပယ်ခံလိုက်ရသူများ ဖြစ်ကြောင်း သိရှိရသည်။

“ပေးထားတဲ့ ဘိုင့်ကျန့်အော်ခတွေ ၊နစ်နာမှုတွေပါ ရတာ။ သူတို့ရဲ့ စာရွက်စာတမ်းတွ အကုန်ပြန်ရခဲ့ပါတယ် ။ သူတို့ နောက်ထပ်အလုပ်ရှင်အသစ်နဲ့ အလုပ်ရှာရုံပဲ”ဟု MHAC မဟာမိတ်အဖွဲ့မှ အေ‌အေစီကိုရဲမင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

1 COMMENT

  1. I have been surfing online more than 3 hours today yet I never found any interesting article like yours It is pretty worth enough for me In my opinion if all web owners and bloggers made good content as you did the web will be much more useful than ever before

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article