27.1 C
Yangon

အမေရိကန်နှင့် ဆက်ဆံရေး ပြေလည်စေရေး ဆောင်ရွက်ပေးရန် ဒုတိယမြောက်လော်ဘီကုမ္ပဏီအဖြစ် McKeon Group ကို မြန်မာစစ်တပ်က ၁ လလျှင် ဒေါ်လာ ၆ သောင်းဖြင့် ထပ်မံငှားရမ်းပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ပြေလည်စေရေး ဆောင်ရွက်ပေးရန် ဒုတိယမြောက်လော်ဘီကုမ္ပဏီဖြစ် McKeon Group ကို အကြမ်းဖက် စစ်တပ်က ထပ်မံငှားရမ်းပြန်ကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနားယားပြည်နယ်၊ Alexandria အခြေစိုက် McKeon Group လော်ဘီကုမ္ပဏီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမေရိကန်ကွန်ကရက်တို့နှင့် မြန်မာစစ်တပ်အကြား ဆက်ဆံရေး ကောင်းမွန်စေရေး အဓိက ဆောင်ရွက်ရန်ရှိနေကြောင်း၊ McKeon Group နှင့် ၆ လစာ ချုပ် ချုပ်ဆိုထားခြင်းဖြစ်ပြီး ယခုဩဂုတ်လ ၁ ရက်နေ့မှစတင်ကြောင်း၊ အကျိုးဆောင်လော်ဘီ လုပ်ပေးခအဖြစ် ၁ လလျှင် အမေရိကန်ဒေါ်လာ ၆၀၀၀၀ ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

McKeon Group ၏ ဥက္ကဋ္ဌ Howard McKeon က ယင်းသို့ မြန်မာစစ်တပ်အတွက် လော်ဘီလုပ်ပေးရန် ဦးဆောင်မည်ဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံမှာ အဆိုပါ ကုမ္ပဏီ၏ ကာလရှည်ကြာ ဖောက်သည် နိုင်ငံတစ်ခုဖြစ်ကြောင်း သိရှိရသည်။

McKeon Group အနေဖြင့် မြန်မာစစ်တပ်ထံမှ ရရှိမည့် လော်ဘီအဖြစ် အကျိုးဆောင်ပေးခ လစဉ် တစ်လ ဒေါ်လာ ၆၀၀၀၀ ကို လော်ဘီကုမ္ပဏီ DCI Group နှင့် ပူးတွဲ ရရှိမည်ဖြစ်ပြီးကြောင်း ၊ မြန်မာစစ်တပ်က အမေရိကန်နှင့်ဆက်ဆံရေး ပြေလည်စေရေး ဆောင်ရွက်ပေးရန် DCI Group ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ သန်းဖြင့် စာချုပ်ချုပ်ထားကြောင်း သိရှိရသည်။

ကိုးကား- O’Dwyer’s ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article