ဒီကနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်ခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်း ဆိုသူက ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးခေါင်းဆောင်တွေကို မြေကွက် ၁ ကွက်စီ ချပေးနေပြန်တယ်လို့ ပဲခူးမြို့ ထွေအုပ်သတင်းရင်းမြစ် ကိုယ်တိုင်က ရန်ကုန်ခေတ်သစ်ကို အသိပေးပြောဆိုလာပါတယ်။
- ရှမ်းပြည်နယ်တောင်ပိုင်းက အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ တောင်ကြီး ကြက်ခြေနီ ဥက္ကဋ္ဌ လေတပ် ဗိုလ်မှူးဟောင်း ညီညီ ကို အာဏာအလွဲသုံးစား ပြုလုပ်မှုတွေနဲ့ စစ်တပ်က သူ့လူအချင်းချင်း ပြန်ဖမ်းပြီး စစ်ဆေးနေတယ်လို့ TGI Support Revolution ရဲ့ တာဝန်ရှိ သူတစ်ဦး က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ကုက္ကဲအထက်တန်းကျောင်းခွဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကေင်စီတပ်သား ၇ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ အဲဒီစစ်သား အလောင်းတွေဆီကနေ သေနတ် ၈ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
