ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူများကို ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက် လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ်စု ကျောက်ကြီးတောင်နှင့် ညောနီပင်ရွာ အကြားတွင် အကြမ်းဖက် စစ်သား ၉၂ ဦးပါဝင်သော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီး စနိုက်ပါ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သား အလောင်းများနှင့် ဒဏ်ရာ ရရှိသူများကို ထမ်းစင်ဖြင့် ကျောက်ကြီးတောင် စစ်တပ် ဂိတ်စခန်းကို သယ်ဆောင်သွားပြီး ထိုမှတဆင့် ဖောကား ၂ စီးဖြင့် ရွှေတောင်မြို့ကုတင် ၁၀၀ စစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က ယင်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေတောင်မြို့နယ်၊ ဘိုလည်ကုန်း တပ်က စက်တပ်လေထီး ၂ စီး ဖြင့် ပေါင်းတည်မြို့နယ်၊ လက်ပံခုံရွာနှင့် တောင်ခမောက်ရွာတို့ကို ဗုံး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မိုင်းဆွဲ တိုက်ခိုက်မှုမှာ စစ်ခွေး ၆ ကောင် ပွဲချင်းပြီး သေဆုံးတယ်။ ၅ ကောင် အပြင်း အထန် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ရွှေ တောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်ဆောင်သွားတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow ကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၁ ၊ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၂ နှင့် ၃၆၀၁ တပ်ရင်း Sniper အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
