26.3 C
Yangon

ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးပြီး တပ်ပြန်ဆုတ်သွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဗန်းမော်တွင် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်၏ စကခ ၂၁ ဌာနချုပ်မှ စစ်တပ်စစ်ကြောင်းက အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းနှင့် KIA ပူးပေါင်းတပ်များအကြား စက်တင်ဘာလ ၈ ရက်နေ့တွင်လည်းကောင်း၊ စက်တင်ဘာလ ၉ ရက်နေ့တွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ စက်တင်ဘာလ ၉ ရက်နေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးကျော် သေဆုံးပြီး စစ်တပ်စစ်ကြောင်းမှာ စကခ ၂၁ ဌာနချုပ်ထဲသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“ဗန်းမော် သံချပ်ကာတပ်ရင်းမှာ တိုက်ပွဲမှာ စစ်တပ်တပ်ရင်းမှူးနဲ့အတူ စစ်သား ၁၀ ကျော်သေဆုံးပါတယ်။ စကခ ၂၁ ဌာနချုပ်ဘက်ကို စစ်ကြောင်း ပြန်ဆုတ်ပြေးသွားပါတယ်။ ဗန်းမော်မှာကတော့နေ့တိုင်း လေကြောင်းတိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲ မဖြစ်တဲ့နေ့မရှိဘူး။ သူတို့က အဓိက စကခ ၂၁ ဌာနချုပ်ကို အခြေပြုထားတာပါ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ ဗန်းမော်တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း၊ တိုက်ပွဲအတွင်း စစ်သားအလောင်းများအပြင် စက်သေနတ်ကြီး ၂ လက် ၊ ကျည်ဆန်များ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“ဗန်းမော်မှာ စစ်တပ်ဘက် သေဆုံးမှု အရမ်းကိုများပါတယ်။ သူတို့ စကခ ၂၁ ထဲက ထွက်လာလို့ ဒီဘက်က တီးထည့်လိုက်၊ ပြန်ဆုတ်သွားလိုက်ပဲ။ တော်လှန်ရေးတပ်တွေဘက်မှာလည်း အကျအဆုံးရှိတယ်။ အဓိက ဒရုန်းနဲ့ လာပစ်တာမှာ ဒီဘက်က ရဲဘော်တွေ ထိကြတာ။ ဒရုန်းကတော့ စစ်တပ်က သုံးတာတွေက အတော်ကို အဆင့်မြင့်လာတယ်။ Night View ညကြည့် မှန်ပြောင်းနဲ့ ညဘက်တွေပါ ဒရုန်းလာကျဲနေတာ” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် စက်တင်ဘာလအထိ ၁၀ လနီးပါးကြာမြင့်သည်အထိ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article