26.3 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူတွေများလွန်းတယ်ဆိုပြီး စန္ဒာမင်းက ကြွားလုံးထုတ်ပြီးတဲ့နောက်မှာတော့ သတ်မှတ် ပါတီဝင် မပြည့်မီမှုနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ကို ဖျက်သိမ်းလိုက် တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။
  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်နဲ့ ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်တာကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • ပဲခူတိုင်း၊ တောင်ငူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့နေရာတွေနှင့် လှည့်ကင်းကို တိုက်ခိုက်ခဲ့တာမှာတော့ စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ Kenni Twilight Zone ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • နီပေါနိုင်ငံမှာအစိုးရ က လူမှုကွန်ရက် ပိတ်ပင်မှုကြောင့် လူထုလှုပ်ရှား ပေါ်ပေါက်လာပြီး ရဲတပ်ဖွဲ့ က အကြမ်းဖက် ဖြိုခွင်းရာမှာ ၁၉ ယောက်သေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article