24.9 C
Yangon

လားရှိုးမြို့ပေါ် ကားလုယက်မှုကို လုံခြုံရေးကင်းမဲ့မှုအဖြစ် ဝေဖန်ခဲ့သော ကိုနေသွေးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်ချ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ် ကားလုယက်မှုကို လုံခြုံရေးကင်းမဲ့မှုအဖြစ် ဝေဖန်ခဲ့သော ကိုနေသွေးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် လားရှိုးမြို့၊ ရပ်ကွက် ၅ တွင် မြို့ခံ အမျိုးသမီး မောင်းနှင်လာသောကားကို အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ၍ သေနတ်ဖြင့် ပစ်ဖောက် ကားလုယက်သွားခဲ့ကြောင်း၊ အဆိုပါ လုယက်မှုအပေါ် လားရှိုးမြို့တွင် လုံခြုံရေးမရှိဖြစ်နေကြောင်း၊ ပြည် သူများကို မဲပေးရန် သာတိုက်တွန်းနေပြီး လုံခြုံရေး မရှိကြောင်း၊ ပြည်သူ့ဆန္ဒမဲသာလိုချင်ပြီး အဖြစ်မရှိကြောင်း တောင်ကြီးမြို့မှ ကိုနေသွေးက လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည်။

အဆိုပါရေးသားမှုအပေါ် စစ်တပ်က ကိုနေသွေး၏ “Lashio Baegyi” Facebook Account ၏ ရေးသားမှုများသည် ပါတီစုံဒီမိုကရေစီအ ထွေထွေ ရွေးကောက်ပွဲကို ပျက်ပြားစေရန်ု ရေးသားဖြန့်ဝေမှုအဖြစ် သတ်မှတ်ပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့် ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြစ်မှုထင်ရှားသည်ဟုဆိုကာ ကိုနေသွေးကို အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်တိတိချမှတ်လိုက်ကြောင်း သိရှိရသည်။

စစ်တပ်က ရွေးကောက်ပွဲပျက်ပြားစေရန် အွန်လိုင်းမီဒီယာများပေါ်တွင် ရေးသားဖြန့်ဝေသည်ဟုဆိုကာ စက်တင်ဘာလ ၂ ရက်နေ့အထိ အရေးယူထားသော အမှု ၃ မှုရှိခဲ့ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) မှာ ရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်း စဉ်၏ တစ် စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုရဘဲ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်း ဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

အကြမ်းဖက် စစ်ကောင်စီက ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးသူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင် ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်နိုင်သော ဥပဒေကို စစ်ကောင်စီက ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

အကြမ်းဖက်စစ်တပ်က “ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥ့ပဒေ” ဟု အမည် တပ်ထားသော ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ယင်းဥပဒေတွင် ရွေးကောက်ပွဲ လုံခြုံ ရေးကော်မတီများကို ဗဟိုအဆင့်မှ ပြည်နယ်/တိုင်း၊ မြို့နယ်များအထိ ဖွဲ့စည်းမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြဋ္ဌာန်းထားသည်။

စစ်ကောင်စီက ပြဋ္ဌာန်းထားသော ဥပဒေတွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသား ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါ အရေးယူမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့်သေဒဏ်တို့ကို ချမှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article