27.5 C
Yangon

ငါးဖမ်းသမားအဖြစ် အသွင်ယူပြီး AA တပ်ဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ကာ လက်နက်များ လုယူသွား၊ AA က ငါးခိုးဖမ်းသူများကို ထိထိရောက်ရောက် အရေးယူတော့မည်ဟု သတိပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်ရေပြင်တွင် ငါးဖမ်းသမားများက အာရက္ခတပ်တော် AA မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးနှင့် ကမ်းခြေစောင့် တပ်ဖွဲ့ဝင် ၁ ဦးတို့ကို သတ်ဖြတ်ကာ လက်နက်များကိုပါ လုယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲသို့ ထွက်ပြေးသွားကြောင်း AAက သတင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် ၅ စီးထဲမှ ငါးဖမ်းသမားများအဖြစ် ဟန်ဆောင်လိုက်ပါလာသော အကြမ်းဖက်သမားများ ပါဝင်သည့် ငါးခိုးဖမ်းဘုတ် တစ်စီးမှ အကြမ်းဖက်သမားများသည် AA တပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ် ကြောင်း AA က ယမန်နေ့ သတင်းထုတ်ပြန်သည်။

ရခိုင်ပိုင်နက်တွင် ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစီး ၈၀ ခန့်သည် အာရက္ခ ရေပိုင်နက်အတွင်း၌ အစု လိုက်အပြုံလိုက် တရားမဝင် ကျူး ကျော်ဝင်ရောက် ငါးခိုးဖမ်းခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ ငါးခိုးဖမ်းနေစဉ် အာရက္ခကမ်းခြေစောင့်တပ်ဖွဲဝင်များမှ လိုက်လံဖမ်းဆီးရာ ငါးခိုးဖမ်းဘုတ် ၅ စီးကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန် ကမ်းစပ်သို ညနေ ၇နာရီခန့်အချိန်တွင် ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ ရသေ့တောင်မြိုနယ်အတွင်းရှိ ကိုးတန်ကောက်ကျေးရွာ၏ အနောက်ဘက်နှင့် ချိန်ခါလီရွာ၏ အနောက်ဘက်တွင် စက်တင်ဘာ ၁၀ ရက်နေ့၊ နေ့ လယ် ၁ နာရီကျော်ခန့်မှစ၍ ရခိုင် ရေပိုင်နက်အတွင်း ငါးခိုးဖမ်းနေခြင်း ဖြစ် သည်။

အာရက္ခရေပိုင်နက်အတွင်းသို တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူများကို အာရက္ခတပ်တော်မှ ဖမ်းဆီးစစ်ဆေးခဲ့သည်မှာ အကြိမ်ပေါင်းမြောက်မြားစွာရှိခဲ့ပြီဖြစ်ပြီး နှစ်ဖက်အပြန်အလှန်လေးစားမှုဖြင့် အကြိမ်ကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ကာ အကြိမ်ကြိမ် သတိပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုတစ်ကြိမ်သည် အာရက္ခရေပိုင်နက်အတွင်းသို အစုလိုက် အပြုံလိုက် ဗြောင်ကျကျ ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းရုံသာမက ကမ်းခြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသူများကိုပါ သတ်ဖြတ်၍ လက်နက်လုယူခြင်းသည် အကြမ်းဖက်သောလုပ်ရပ်မျိုးဖြစ်ကြောင်း၊ ထို့ကြောင့် ထိထိရောက်ရောက် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း AA က သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article