27.5 C
Yangon

မင်းလှမြို့နယ် စစ်တပ်စစ်ကြောင်းကို ထမင်းချက်ကျွေးသူများ အပါအဝင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၄ ဦး တိုက်ခိုက်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ထမင်းချက်ကျွေးနေသူများ အပါ အဝင် စစ်တပ်အတွက် အလုပ်လုပ်နေသူ ၄ ဦး တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် မင်းလှမြို့နယ်၊ မြန်မာစီကွရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ သန္တာချို ကို အမည်မသိ သေနတ်သမားများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၆ ရက်နေ့တွင် ဆင်အိုင်ချောင်းပေါက်ရွာ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နေအိမ်၌ ခေါ်ဆောင်ပြီး ထမင်းချက်ကျွေးခဲ့သည့် စျေးသည် ထွန်းလင်းအောင်နှင့် မယားဖြစ်သူ မူမူဝင်း ကိုလည်း အမည်မသိ လူစုက ဓားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၆ ရက်နေ့တွင် ခွက်မရွာတွင်နေထိုင်သော အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသည့် ပြည့်ဖြိုး ဆိုသူကိုလည်း အမည်မသိ သေနတ်သမားများက နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“အခုအသတ်ခံရတဲ့ မြန်မာစီကွရွာက သန္တာချိုက စစ်တပ် သတင်းပေးလုပ်နေတာပါ။ သူ့အလောင်းကို စစ်ကွင်းသင်္ချိုင်းမှာ နာရေးကားနဲ့ အသုဘချတယ်။ နောက်အသတ်ခံရတဲ့ ဆင်အိုင်ချောင်းပေါက်က ဈေးသည် လင်မယားဆိုတာကလည်း စစ်တပ် စစ်ကြောင်းရွာထဲဝင်တော့ သူ့နေအိမ်မှာ တပ်ဆွဲတယ်။ အဲ့လင်မယားက စစ်သားတွေကို ကောင်းကောင်းမွန်မွန် ထမင်းချက်ကျွေးတယ်​။ သူတို့စျေးဆိုင်မှာ စစ်သားတွေ ဝယ်ရင်ရောင်းပြီး PDFဆိုမရောင်းနိုင်ဘူးလို့ပြောလွတ်တာတွေရှိတယ်။ သူတို့လင်မယားက ​ဒလန်လုပ်နေတယ်ဆိုပြီး အမည်ထွက်နေတာ နောက်ပြီး ခွက်မရွာက အသတ်ခံရတဲ့ ပြည့်ဖြိုးဆိုတာကလည်း အကြမ်းဖက် စစ်တပ်အတွက် သတင်းပေးလုပ်နေတာ” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မင်းလှမြို့နယ် အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိဘဲ သာယာဝတီခရိုင် PDF ကို ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးကြောင်း ပြောဆိုသည်။

အသတ်ခံရသူများသည် စစ်တပ်က အခကြေးငွေဖြင့် ခေါ်ယူ ခိုင်းစေခြင်း (သို့မဟုတ်) စစ်တပ်အတွက် စေတနာ့ဝန်ထမ်းအဖြစ် သွားရောက် အလုပ်လုပ်သူများ ဆိုသည်များကိုလည်း ရန်ကုန်ခေတ်သစ်က မြေပြင်အတည်ပြုချက် ရရှိရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

(Facebook ၏ စည်းမျဉ်းများအရ Graphic Violence ဖြစ်နိုင်သော ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article