26.1 C
Yangon

သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် စစ်တပ် ကင်းပုန်းနှင့် ဂိတ်စခန်းတို့ကို ဒရုန်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးနိုင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

မွန်ပြည်နယ်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် ဂိတ်စခန်းတို့ကို ဒရုန်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးနိုင်ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် သံဖြူဇရပ်မြို့နယ် နှစ်ကရင်ရွာလမ်းဆုံအနီးရှိ ရထားလမ်းဘေးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ကွမ်ကျိုက်ဂိတ်စခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“သံဖြူဇရပ်မြို့နယ် နှစ်ကရင်ရွာမှာ ချခဲ့တာကတော့ ဗုံးသီး ၂ လုံး ကျဲချခဲ့တာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးမှာ ကျွန်မတို့အနေနဲ့ ခန့်မှန်း ပြောရမယ်ဆိုရင် အနည်းဆုံး စစ်ခွေး ၂ ကောင်လောက်တော့ သေဆုံးနိုင်တယ်” ဟု Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁) နှင့် ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ- တပင်ရွှေထီးတပ် တို့က ပူးပေါင်းလုပ်ဆောင်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article