ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် “ YOU IS U 2025 ” LGBT အလှမယ်ပြိုင်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို စံပြပုဂ္ဂိုလ်အဖြစ် ထုတ်ဖော်ပြောဆိုပြီး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည့် LGBT အလှမယ် Chayavate Somwong မှာ စတုတ္တဆု ( 4th Runner-up) ချိတ်သွားကြောင်း သိရှိရသည်။
“ YOU IS U 2025 ” LGBT အလှမယ်ပြိုင်ပွဲတွင် LGBT အလှမယ် Chayavate Somwong က ဒေါ်အောင်ဆန်းစုကြည် ပုံစံ ဝတ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ သူ၏ စံပြပုဂ္ဂိုလ်ဖြစ်ပြီး လေးစားအားကျရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ၏ သင်္ကေတဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကြံ့ခိုင်သန်မာသူဖြစ်လိုကြောင်း သူက ပြိုင်ပွဲအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
LGBT အလှမယ် Chayavate Somwongမှာ ၂၀၁၉ ခုနှစ်တွင် Miss LGBT Thailand 2019 အလှမယ်ဘွဲ့ ရရှိထားသူလည်းဖြစ်သည်။


