ဒီကနေ့ စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ကိုယ်စား ညိုစောကို အာဆီယံ-တရုတ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဖိုရမ်ကို တက်ရောက်ဖို့ စေလွှတ်ခဲ့ပေမယ့် လည်း သူနှင့်မိသားစု သီးသန့်အသုံးပြုနေတဲ့ MAI အထူးလေယာဉ်ကို ပေးမသုံးဘဲ Fokker 70 လေယာဉ်နဲ့ဘဲ တရုတ်ကို သွားခိုင်းတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
အကြမ်းဖက် စစ်တပ်က နိုင်ငံတစ်ဝန်း လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ အရှိန်မြင့်လာပြီးတဲ့နောက် လှိုင်သာယာ၊ လှည်းကူး၊ တိုက်ကြီးနှင့်မြဝတီမြို့နယ်မှာ စိတ်ရောဂါဝေဒနာရှင် ၁ ဦးအပါအဝင် လူငယ် အမျိုးသား ၄ ဦး ပျောက် ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ဆီကို ရောင်းစားနေသူ ၅ ဦးဟာ ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာကနေ ၁ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
