26.2 C
Yangon

မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံး

Must read

မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းရှိ ဋီကာ စာသင်ကျောင်း အနီးကို အကြမ်းဖက် စစ်တပ်က Jet Fighter ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထပ်မံ တက်လာသော Jet Fighter ၁ စီးက မတ္တရာမြို့နယ်၊ ဥက္ကံရွာ အနီးတစ်ဝိုက်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဝပ်ရှော့ဆိုင်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ အသက် ၅၀ အရွယ် ဦးဝင် အမည်မသိ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ခွေးတွေက ပြည်သူတွေ နေတဲ့ နေရာကို ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၃ ဦး သေဆုံးတယ်။ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေးတွေက ပြည်သူတွေ ဒုက္ခရောက်အောင် ဗုံးကျဲ သတ်ဖြတ်နေတာတွေကို မတ္တရာမြို့နယ်ထဲမှာ ဆက်တိုက်ကို ပြုလုပ်နေတာပါ” ဟု Voice Of Mandalay မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီ ၂၃ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဆည်တော်ရွာ အနီးတစ်ဝိုက်ကို ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article