28.1 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၉ မိနစ်ခန့်တွင် နတ်ရေကန် အကြမ်းဖက် စစ်တပ်ဂိတ်မှ ခြေလျင်ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက နတ်ရေကန်နှင့် ရေပိုးစားအကြားရှိ နေလကျောက်ခွဲစက်အနီးတွင် ပဒေသာမိုင်း ၂ လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၁၁ နာရီ ၂၄ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တော အကြမ်းဖက် စစ်တပ်ဂိတ်မှ ခြေလျင်ထွက်လာသော အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကိုလည်း နတ်ရေကန်နှင့် ရေပိုးစား အကြားရှိ နေလကျောက်ခွဲစက်အနီးတွင် ပဒေသာမိုင်း ၃ လုံးတွဲဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိများလည်းရှိကြောင်း သိရသည်။

“မုံရွာ-မန္တလေး လမ်းပိုင်းမှာပဲ စစ်ခွေးခြေလျင် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၈ ကောင်သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိတာတွေလည်း များပါတယ်” ဟု People’s Defense Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်စစ်ဌာန၊ ဗျူဟာအမှတ် ၆၄ ၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force -South Monywa လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အညာဒေသတွင် စစ်ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အညာဒေသတွင် စစ်ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article