26.2 C
Yangon

လန်ဆယ်တွင် စစ်တပ်နှင့်ပြည်သူ့စစ်များ သိမ်းပိုက်ခဲ့သော စခန်းကုန်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး စစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများ ဖမ်းဆီးသိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသတွင် စစ်တပ်နှင့်ပြည်သူ့စစ်များက ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သော စခန်းကုန်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့နှင့် စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး စစ်တပ်က ဆော့လော်မြို့နယ်၊ လာဟီဆင်နှင့် လန်ဆယ်ဒေသသို့ ခေါင်လန်ဖူးမြို့နယ်မှ အကြမ်းဖက်စစ်တပ်များနှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းက ထိုးစစ်ဆင်ဝင်ရောက်လာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းများနှင့် KIA ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း၊ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် KIA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသော စခန်းကုန်းတစ်ခုကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ယာယီဆုတ်ခွာပေးလိုက်ရကြောင်း၊ သို့ရာတွင် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အဆိုပါ စခန်းကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

“စစ်တပ်နဲ့ ပြည်သူ့စစ်တွေ အင်အား ၃၀၀ ကျော်လောက် စက်တင်ဘာ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့မှာ စစ်ကြောင်းထိုးပြီး ဝင်လာတယ်။ ခေါင်လန်ဖူးဘက်ကနေဝင်လာတာ။ တိုက်ပွဲ ပြင်းထန်ပြီးတော့ ပထမ ကျနော်တို့ စခန်းကုန်းတစ်ခု ယာယီဆုတ်ခွာလိုက်ရတယ်။ ဒါပေမယ့် မနေ့ကတော့ ဆုတ်ခွာလိုက်တဲ့ စခန်းကို ပြန်သိမ်းလိုက်ပြီ။ စက်တင်ဘာလ ၂၁ ရက်နေ့က ဆုတ်ခွာတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့မှာ အဲဒီစခန်းကုန်းကို ပြန်သိမ်းတယ်။ စစ်တပ်ဘက်က သေဆုံးမှုများတယ်။ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ရတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က အထိနာသဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန် လန်ဆယ်ကျေးရွာသို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲချသဖြင့်ကလေးငယ် ၁ ဦး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်အစပ်ရှိ စစ်တပ် လက်အောက်ခံ လာဟီဆင်ပြည်သူ့စစ်စခန်းနှင့် ခရန်ထီဒမ်းပြည်သူ့စစ်စခန်းတို့ကို ကချင်လွတ် မြောက်ရေးတပ် (KIA)၊ PDF Putaoနှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပူးပေါင်းတပ် များက ယမန်နှစ် ၂၀၂၄ ခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article