27 C
Yangon

ပေါက်မြို့နယ်၊ ပလောင်းရွာတွင် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး လက်လုပ်သေနတ်များဖြင့် ဓာတ်ပုံရိုက်၍ PDF ဟု လိမ်လည် ဝါဒဖြန့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပလောင်းရွာတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး လက်လုပ်သေနတ်များဖြင့် ဓာတ်ပုံရိုက်၍ PDF ဟု လိမ်လည် ဝါဒဖြန့်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပေါက်မြို့နယ်၊ ပလောင်းရွာသို့ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၄ မှ အင်အား ၂၀၀ ခန့် ပါဝင်သော စစ်ကြောင်းက သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ပြည်သူများ၏ ရုပ်အလောင်းဘေးတွင် လက်လုပ်သေနတ်များချကာ ဓာတ်ပုံရိုက်၍ PDF တပ်ဖွဲ့ဝင်များဟု လိမ်လည် ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပလောင်းရွာကို ဝင်ရောက် စီးနင်းခဲ့တဲ့ စစ်ခွေးတွေက ရွာသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး လက်လုပ် သေနတ်တွေနဲ့ ဓာတ်ပုံရိုက်ပြီး PDF တပ်ဖွဲ့ဝင်ဆိုပြီး ဘောမ တွေက လိမ်လည် ဝါဒဖြန့်နေတာပါ။ အဲ လက်လုပ်တွေက ကျနော်တို့ ဘက်တွေမှာ တော်လှန်ရေး တပ်ဖွဲ့တွေ မကိုင်တော့ပါဘူး။ စစ်ခွေးတွေ ဘယ်ကနေ ယူလာတဲ့ လက်လုပ် သေနတ် အစုတ်တွေလည်းတော့ မသိဘူး” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်ချောင်းအထက်စုရွာမှ ပြည်သူ ၂ ဦးနှင့် ပလောင်းရွာမှ ပြည်သူ ၃ ဦး စုစုပေါင်း ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ပလောင်းရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် အားလုံးကို ဝင်ရောက် မွှေနှောက်သွားပြီး ရွှေ ၊ ငွေကြေးနှင့် တန်ဖိုးကြီး ပစ္စည်းများကို စိတ်ကြိုက်ခိုးယူ လုယက်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကပစ ၂၄ ဘက်ကို ပြည်သူပိုင် ပစ္စည်းများ ခိုးယူ သယ်ဆောင်ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article