27 C
Yangon

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ရှမ်းအင်းတော်ကျေးရွာ အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ၇ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက်အောက်ခံ၊ တပ်ရင်း(၁၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ(၄) လက်အောက်ခံ၊ တပ်ရင်း(၁၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article