24.7 C
Yangon

စစ်ကိုင်းမြို့နယ်၊ ပယ်ငါးဆယ်ရွာနှင့်ဝါးချက်ကျေးရွာသို့ စစ်တပ်က ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၁ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း ပယ်ငါးဆယ်ရွာနှင့် ဝါးချက်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်သဖြင့် ပယ်ငါးဆယ်ရွာမှ ပြည်သူ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဝါးချက်ရွာမှ ကလေး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းကွန်းအခြေစိုက် ယူနီကွန်းအဖွဲ့က အကြမ်းဖက်စစ်တပ်ထုတ် ယမကာများကို စစ်ဆေးနေစဉ် အကြမ်းဖက်စစ်တပ်က အင်အား ၆၀ ကျော်ဖြင့် ပယ်ငါးဆယ်ရွာသို့ ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပယ်ငါးဆယ်ရွာမှ ပြည်သူ ၁ ဦး ခြေထောက်ထိမှန်ခဲ့ပြီး ဝါးချက်ရွာမှ ကလေးငယ် ၁ ဦး သေဆုံးခဲ့ကာ နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ပယ်ငါးဆယ်ရွာသို့ ရောက်ရှိပြီး လမ်းကြိုလမ်းကြားထဲထိ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ညနေ ငါးနာရီထိ လက်နက်ကြီးရောပါ ပစ်ခတ်ပါတယ် ။ ပစ်ခက်မူ့ကြောင့် ပယ်ငါးဆယ်ရွာက တစ်ဦး ခြေထောက်ထိမှန်ခဲ့ပြီး ကျန်တဲ့ အခြေအနေ မသိရသေးဘူး။ ဆေးရုံတင်ထားရတယ်။ လက်နက်ကြီးကြောင့် ဝါးချက်မှ နေအိမ်တစ်လုံးပျက်ဆီးခဲ့ပြီး ကလေးငယ်တစ်ဦး ထိမှန်ခဲ့တယ်။ ဆေးရုံပို့ခဲ့ပေမယ့် ဒီမနက် သုံးနာရီမှာ သေဆုံးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လတ်တလော စစ်ကိုင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းကွန်းအခြေစိုက် ယူနီကွန်းအဖွဲ့က နယ်မြေစိုးမိုးရန် ကြိုးပမ်း‌နေသကဲ့သို့ အကြမ်းဖက်စစ်တပ်ကလည်း စစ်ကြောင်းထိုးနေသဖြင့် အချိန်မရွေးထိတိုက်တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေဖြစ်နေကြောင်း၊ ပြည်သူများအနေဖြင့် လမ်းကြောအခြေအနေကြည်၍ သွားကြရန် လိုအပ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က သတိပေးထားသည်။

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၂ ခုထက်မနည်း အသုံးပြု၍ မြို့နယ်အတွင်း လှည့်ပတ် စစ်ကြောင်းထိုးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီး လုယက်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ ပျူစောထီးများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article