ဒီကနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်တပ်အတွင်း တိုင်းမှူးအဆင့်ကနေ လက်ရုံးတပ်နှင့်စစ်ရုံး ညွှန်ကြားရေးမှူးတွေ၊ တပ်မမှူးတွေ နှင့် ကပစစက်ရုံမှူးတွေအထိ ရာထူးနေရာများ စွာကို လူသစ်တွေနဲ့ သွေးသစ်လောင်း အပြောင်းအလဲလုပ်ရန်ရှိ နေတယ်လို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
အကြမ်းဖက် စစ်တပ်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို NLD ပါတီက အသိပြုမှာမဟုတ်ဘဲ ရွေးကောက်ပွဲ အကောင်အထည်မပေါ်စေဖို့အတွက် မိတ်ဖက်အင်အားစုတွေအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်မယ်လို့ ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အဝင် အကြမ်းဖက် စစ်တပ်ဂိတ်ကို တိုက်ခိုက်ဖို့သွားရောက်စဉ် စစ်သားအားလုံး ထွက်ပြေးသွားတာကြောင့် သေနတ်တစ်ချက် မဖောက်ရဘဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF က ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
